*************************************************************** တိတ်ဆိတ်မှုတွေတိုးသိပ်နေတဲ့ အခန်းထဲ ပြုံးနေကျ အပြုံးတို့က ဆွံ့အ ဒဏ်ရာတွေက လျံကျ၊ နိုးထခဲ့တဲ့ ငါ့ မနက်ဖြန်တွေက တိတ်တဆိတ် အဖတ်ဆည်မရ ကြွေကျ။ အတတွေဗရပွက တွန်းထိုး ရိုးသားခြင်းတွေလား၊ အချင်းများခြင်းတွေလား ဝေခွဲမရ အကျည်းတန်စွာ ညဟာ အဖတ်ဆည် မရ အမှောင်ကျ။ ဖြည်းဖြည်းချင်းဝေး အတွေးတွေအနေနဲ့ ကျန်ခဲ့တဲ့ ငါ့ပူလောင်ခြင်းတွေ မိုးနဲ့ အတူမျောလိုက်တယ်။ အခုတော့ င့ါသူရဲကောင်းဆိုတာ ဟိုး ကောင်းကင်ထက်က ဦးတည်ရာမဲ့စွာ ပျံသန်းနေတဲ့ ငှက်တေလေ တစ်ကောင်သာ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ၁၂ ဇွန် ၂၀၁၆ (၁၃း ၁၅ နေ့လည်)
****************************************************************** အနားမှာ ကော်ဖီတစ်ခွက်ရှိတယ်။ တစ်မြည့်မြည့်ကျွမ်းလောင်နေတဲ့ စီးကရက်တစ်ဝက်ရှိတယ်။ သူ့တို့အားကိုးနဲ့ ခြေရာထပ်နေတဲ့ လမ်းကျဉ်းထဲငါ ဆက်လျှောက်နေဆဲပဲ။ အတိတ်တွေကိုသတိရစေတဲ့ သီချင်းဟောင်းတွေရယ်၊ အရင်က အကြောင်းအရာတွေကိုပြန်တူးဆွနေတဲ့ ဒီမိုးစက်တွေရယ်၊ ဟိုးတုန်းကထက် အနည်းငယ်အရောင်မှိန်နေတဲ့ဂစ်တာ တစ်လက်ရယ်လည်းရှိတယ်။ အသားကျဖို့တော့ရုန်းကန်နေဆဲပဲ။ အိပ်မက်တွေရယ် အလွမ်းတွေရယ် ရံဖန်ရံခါ ၀မ်းနည်းခြင်းတွေရယ် သူတို့နဲ့ပတ်သက်မှုကို အဆုံးသတ်စေမယ့် ငါ့ရုံးထွက်မှုတွေရယ် ကတော့ အခုထိတိုင် အချင်းများနေတုန်းပဲ။ တစ်ခါတစ်လေတော့ အထီးကျန်မှုတွေ ငါချစ်တတ်နေပီလား၊ ဝေးကွာခြင်းတွေကို နှစ်မြို့နေပီလား၊ အဲဒီ မေးခွန်းတွေလည်းရှိတယ်။ မသိသလိုချန်ထားခဲ့တယ်။ ဟုတ်တယ်၊ မနက်ဖြန်တွေကိုလည်းရေလောင်းရဦးမယ်၊ မောပန်းနေတဲ့ ခြေအစုံကိုလည်းဖေးမ ဖို့လိုမယ်၊ သူတို့ပေးတဲ့ အဖိုးအခတွေက စေးကပ်လွန်းလှတယ်၊ နောက်တစ်ရက် အိပ်ရေးထပ်ပျက်ဦးမယ်။ မတတ်နိုင်ဘူး၊ အချိန်ကပေးတဲ့သင်ခန်းစာတွေကိုလည်း လေးလွန်းလို့ပစ်ချထားခဲ့ပြီပဲ။ အခုတော့ အဲဒီကော်ဖီတစ်ခွက် ကုန်အောင်မသောက်ပဲ၊ အဲဒီဆေးလိပ်တစ်ဝက်ကိုမီးမသတ်ပဲ၊ ရောက်တတ်ရာရာရှိလို့နေတဲ့မီးခိုးငွေ့တွေကိုကြည့်ရင်း ငါ […]
အုံ့မှိုင်းဆွေဆွ မုန်တိုင်းလေလို နဂိုကနွမ်း မလန်းပန်းသို့ လင်းဖို့မသာ ထိုဝန်းကျင်မှာ ပဏာရွက်ကြွေ ညှိုးငယ်လေတော့ သော့သော့ အတွေး ခပ်ရေးရေးထင် ဘ၀င်မသာ စိတ်မှာတွေလို့ တံစို့ထက်ကင် သဲစိုင်နင့်အောင် ဘလောင်ဆူစွာ အကျွန့်ရင်ဝယ် မိုးရယ်အုံ့တိုင်း လွမ်းမိသည် သက်ထားဘယ်လို ရှိပါလိမ့်လေ။ ###################################### ၂၆ မေလ ၂၀၁၇ ၁၃း ၂၀ (နေ့လည်)
ဘ၀ဟာ ခက်ခဲတယ်။ ဒါပေမယ့် လူတွေက ပိုလို့ခက်ခဲတယ်။
အခက်အခဲဆိုတာတွေကို ပြောင်းလဲဖို့ ခွန်အားတွေအဖြစ် သဘောထားပါ။
ခုတစ်လော ကြားရတဲ့သတင်းတွေက စိတ်မကောင်းစရာ။ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေ၊ ဇာတိက ဆွေမျိုးသားချင်းတွေ၊ တစ်ချို့ ငယ်သူငယ်ချင်းတွေ မရှိကြတော့ဘူး။ မကြာသေးခင်ကပဲ သူတို့ကိုယ်တွေကို နှုတ်ဆက်လို့၊ တစ်ချို့လည်းနှုတ်မဆက်ပဲ လူ့လောကထဲကနေ ထွက်သွားကြတယ်တဲ့။ သတင်းကြားတော့၊ ဟောဗျာ။ ဟင်။ စုတ်တစ်သတ်သတ်နဲ့၊ စိတ်မကောင်းခြင်းတွေနဲ့။ ဪ ဖြစ်မှ ဖြစ်ရလေ။ မြန်လိုက်တာ။ အာမေဋိတ်တွေဖြစ်လို့။ ပြန်တွေးကြည့်တော့ သူတို့တွေထဲက (သူငယ်ချင်း၊ ဆွေမျိုး) တစ်ချို့တွေကတော့ အစားအသောက် အနေအထိုင်အပိုင်းမှာ ဖြစ်သလိုနေကြပေမယ့် တစ်ချို့ကတော့ ပိုက်ဆံရှိတဲ့အလျောက် စားချိန်တန်စား အိပ်ချိန်တန်အိပ်ကြသူတွေ။ ကျန်းမာရေး အတော်အသင့်လိုက်စားကြသူတွေပါရဲ့။ ဆိုပေမယ့် အသက်ရှည်တယ် မရှည်ဘူး အာ မ မခံနိုင်ပြန်ဘူး။ ဒီဖက်ခေတ်ထဲလည်း ရောဂါသစ်တွေ ရှိလာတယ်ဆိုပေမယ့် နည်းပညာတွေက တိုးတက်နဲ့၊ ဆေးဝါးတွေလည်းအသစ်တွေနဲ့ပေါ့လေ။ သွေးပေါင်ချိန်တာတောင် အရင်ကလို ဆရာဝန်မလိုတော့ဘူး။ ဆေးရုံဆေးခန်းကြီးတွေထဲက […]
Most of the time, things don’t go in a way they used to be. Just do not mean too much. Take a deep breath, close your eyes and plunge. You will be fine.
တော အညာ ****************************************************** နေမင်းဟာ လင်မယားချင်း ရန်ဖြစ်လို့ အိမ်ပေါ်က ဆင်းလာတဲ့ လူလို ဘူတူတူ ထုံတုန်တုန် မှုန်သုန်တဲ့ မျက်နှာဘေးနဲ့ အညှိုးတေးထပ်လို့ သြော် ပူချက်ကွာ။ လွမ်းစရာမြင်ကွင်းဆိုတာ အညာရဲ့ ယာခင်းက မှ သိပ်ပီပြင်လွန်းမယ်ထင်ရဲ့။ သဲခင်းတဲ့ ကွင်းပြင်မှာ ကျောက်စရစ်က ထက်ဝက် တစ်ချက်တစ်ချက်တိုက်တဲ့ လေဟာ လည်း ပူ လူသူသိပ် မထူတဲ့ နေ့ခင်းမှာ ကောက်နှံပင်တွေက လှီလို့ တန်းစီ လို့ စိုက်ထားတဲ့ ထန်းပန်နဲ့ ကန်သင်းကိုခြား ဆိတ်ကျောင်းသားကတော့ ခပ်လှမ်းလှမ်းမှာ စည်းဝါးမညီတဲ့တိုင်ပင်နဲ့ သီချင်းကြီးတစ်ပုဒ် ညည်းနေလေရဲ့။ တမာသီးနံ့လည်း ရရဲ့ ထနောင်းပင်တန်းလည်းလှရဲ့ သဲခင်းတဲ့ ချောင်းခြောက်ရဲ့ လက်ယက်ရေတွင်းတွေနံဘေး တစ်ဟေးဟေး တစ်ပဲပဲနဲ့ […]
ဪ ငွေနဲ့ခြားခံရတဲ့ ဘ၀တွေ ရှေ့ လျှောက် မပိုင်ဆိုင်ရပါလို၏။ …. …. …. …. … …. …. …. …. … …. …. …. …. … ဟုတ်တယ်လေ လိုင်းသုံးနေတုန်း ဘေလ်ကုန်သွားတော့ ဘာမှ တက်မလာတော့ဘူး။ ဒီလောက်တော့ ဆုတောင်းပျစေ။